back

ဖိလစ်ပိုင်တွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဒဏ် ခံစားနေရသည့် သုံးဘီးမောင်းသူများကို အစိုးရက ငွေသားထောက်ပံ့ကြေးပေးအပ်

Mar 18 • 8:20 AM

breaking-news

Myanmar

International

cover

ဖိလစ်ပိုင်တွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဒဏ် ခံစားနေရသည့် သုံးဘီးမောင်းသူများကို အစိုးရက ငွေသားထောက်ပံ့ကြေးပေးအပ်

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်အစိုးရသည် ထိခိုက်မှုရှိနေသော သုံးဘီးဆိုင်ကယ်မောင်းသူမျ...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်အစိုးရသည် ထိခိုက်မှုရှိနေသော သုံးဘီးဆိုင်ကယ်မောင်းသူများကို မတ်လ ၁၇ ရက်တွင် ထောက်ပံ့ကြေးများ စတင်ထုတ်ပေးခဲ့သည်။ ယင်းအစီအစဉ်အရ မနီလာမြို့တော်ရှိ သုံးဘီးမောင်းသူများသည် ခရီးသည်များကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ပြေးဆွဲပေးနိုင်ရန် တစ်ဦးလျှင် ဖိလစ်ပိုင်ပီဆို ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၈၁ ဝန်းကျင်) စီ လက်ခံရရှိခဲ့ကြခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းက Quezon City ရှိ ပန်းခြံတစ်ခုတွင် အစိုးရ၏ အကူအညီကို ရယူရန် သုံးဘီးမောင်းသူ အမြောက်အမြား တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

32