ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးမှာ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် MHAC မဟာမိတ်အဖွဲ့နှင့် LPN ဖောင်ဒေးရှင်းတို့က နယ်မြေခံအစိုးရဌာနများနှင့် ပူးပေါင်းကာ ကူညီဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။ MHAC အဖွဲ့၏ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇင်၏ ပြောကြားချက်အရ လက်ရှိတွင် ကြားခံအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများနှင့် နယ်မြေခံအာဏာပိုင်များရှေ့မှောက်၌ ညှိနှိုင်းမှုများ ပြုလုပ်ပြီးစီးပြီဖြစ်ကာ သတ်မှတ်ရက်အတွင်း အလုပ်သမားများ၏ အခွင့်အရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးရန် သဘောတူညီမှု ရရှိထားကြောင်း၊ အဆိုပါ အမှုကိစ္စ အပြီးသတ်သည်အထိ အလုပ်သမားများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Mar 18 • 8:11 AM
Thailand
Local News
Share
| 23 | 0 | 0 | 0 |


