back

မြဝတီတွင် မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံးကာ ခြောက်ဦး ဆေးကုသမှုခံယူနေရ

Mar 18 • 8:09 AM

breaking-news

Myanmar

Kayin

cover

မြဝတီတွင် မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံးကာ ခြောက်ဦး ဆေးကုသမှုခံယူနေရ

ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံးကာ ခြောက်ဦး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်က မြဝတီမြို့၊ အမှတ်...

ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံးကာ ခြောက်ဦး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်က မြဝတီမြို့၊ အမှတ်(၄) ရက်ကွက်နေ အခြေခံလက်လုပ်လက်စား မိသားစုတစ်စုမှာ ကြက်သားဟင်းချက်စားရာတွင် ဆားထည့်ရမည့်အစား လမ်းဘေးမှ ကောက်ယူလာသည့် ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ကာ ချက်စားမိခဲ့၍ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။ယင်းဖြစ်စဉ်ကြောင့် အသက် ၁၂ နှစ်အရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ကျန် မိသားစုဝင်ခြောက်ဦးမှာ မြဝတီဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

14