back

မြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်

Mar 18 • 8:08 AM

breaking-news

Myanmar

Local

cover

မြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အရှေ့မြောက်မုတ်သုံလေ အားလျော့သွားခြင်းကြောင့် မတ်လ ၁၆ ရက်မှစတင်ကာ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်...

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အရှေ့မြောက်မုတ်သုံလေ အားလျော့သွားခြင်းကြောင့် မတ်လ ၁၆ ရက်မှစတင်ကာ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်သူများက သတိပေးထားသည်။ အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း၌ နေ့အပူချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ ယခုနှစ်သည် လာနီညာနှစ်ဖြစ်သဖြင့် အပူလွန်ကဲသော အခြေအနေမျိုး (Heatwave) မဖြစ်နိုင်သော်လည်း ပြည်သူများအနေဖြင့် ရေဓာတ်လျော့နည်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မြင့်တက်လာမည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်များကို ကျန်းမာရေးရှုထောင့်မှ အထူးဂရုပြုရန် လိုအပ်ကြောင်း သိရသည်။

news-view-count-icon

31