back

မြစ်ကြီးနားလေဆိပ်ယနေ့ မတ်၁၈ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

Mar 18 • 8:03 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားလေဆိပ်ယနေ့ မတ်၁၈ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၈ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ...

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၈ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးနှင့် လေယာဉ်လက်မှတ်အရောင်းဌာနများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစ်စီး ထိမှန်ပျက်စီးခဲ့ပြီးနောက် လေဆိပ်ကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လေဆိပ်ပြန်ဖွင့်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း လေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည့် အချိန်ဇယားအတိအကျကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ လေဆိပ်ကိုသာ ဦးစွာဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

12