ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးသစ်၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၁၇ ရက် နံနက် ၉ နာရီက ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဈေးတာဝန်ခံများ၊ ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြသခြင်းတို့ကို စနစ်တကျ လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
Mar 18 • 8:02 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


