အီရန်စစ်ပွဲကြောင့် အဓိကစွမ်းအင်တင်ပို့သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လောင်စာဆီတင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် လာမည့် ဧပြီလမှစတင်ကာ ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်သဖြင့် လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင်ကြောင်း ဗီယက်နမ်လေကြောင်းဦးစီးဌာနက သတိပေးလိုက်သည်။ ဗီယက်နမ်သည် ၎င်း၏လေယာဉ်ဆီလိုအပ်ချက် ၆၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေရခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံက အိမ်နီးချင်း မြန်မာနှင့် လာအိုမှလွဲ၍ ကျန်နိုင်ငံများသို့ ဆီတင်ပို့မှု ပိတ်ပင်ထားခြင်း၊ တရုတ်နိုင်ငံကလည်း ပို့ကုန်အသစ်များကို သဘောမတူရန် ညွှန်ကြားထားခြင်းတို့ကြောင့် စွမ်းအင်ဖူလုံရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် အရေးပေါ်ညှိနှိုင်းမှုများ ပြုလုပ်နေရသည်။ လက်ရှိတွင် စင်ကာပူလေယာဉ်ဆီဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၇ ဝန်းကျင်အထိ မြင့်တက်နေကာ လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းခရီးစဉ်များမှလွဲ၍ ကျန်ပျံသန်းမှုများကို ကန့်သတ်ရန် တိုက်တွန်းထားကြောင်း သိရသည်။ အီရန်စစ်ပွဲကြောင့် အဓိကစွမ်းအင်တင်ပို့သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လောင်စာဆီတင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် လာမည့် ဧပြီလမှစတင်ကာ ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်သဖြင့် လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင်ကြောင်း ဗီယက်နမ်လေကြောင်းဦးစီးဌာနက သတိပေးလိုက်သည်။ ဗီယက်နမ်သည် ၎င်း၏လေယာဉ်ဆီလိုအပ်ချက် ၆၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေရခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံက အိမ်နီးချင်း မြန်မာနှင့် လာအိုမှလွဲ၍ ကျန်နိုင်ငံများသို့ ဆီတင်ပို့မှု ပိတ်ပင်ထားခြင်း၊ တရုတ်နိုင်ငံကလည်း ပို့ကုန်အသစ်များကို သဘောမတူရန် ညွှန်ကြားထားခြင်းတို့ကြောင့် စွမ်းအင်ဖူလုံရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် အရေးပေါ်ညှိနှိုင်းမှုများ ပြုလုပ်နေရသည်။ လက်ရှိတွင် စင်ကာပူလေယာဉ်ဆီဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၇ ဝန်းကျင်အထိ မြင့်တက်နေကာ လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းခရီးစဉ်များမှလွဲ၍ ကျန်ပျံသန်းမှုများကို ကန့်သတ်ရန် တိုက်တွန်းထားကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


