၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော မတ် ၁၇ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို နိုင်ငံခြားစာစစ်ဌာနများအပါအဝင် တစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၈၈၇ ခု၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၄,၆၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ တစ်ပြိုင်တည်းကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စာစစ်ဌာန ၅၃ ခု၌ ကျောင်းသား၊ ကျောင်းသူ ၃,၃၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းနှင့် အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အတတ်ပညာဘာသာရပ်များအတွက် စာမေးပွဲများကိုမူ မတ် ၁၈ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့တွင် စာစစ်ဌာန(၈၈၇)ခု၌ ကျောင်းသား၊ ကျောင်းသူ (၂၅၄,၆၂၄)ဦးဝင်ရောက်ဖြေဆို
Mar 18 • 7:59 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


