အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အခန်း (၈) ခန်းပါဝင်သည့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (ဥပဒေအမှတ် ၁၉/၂၀၂၆) ကို ယနေ့ မတ်လ ၁၇ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ အသုံးပြုခြင်းနှင့် အတုပြုလုပ်ခြင်းစသည့် ကိစ္စရပ်များကို စနစ်တကျစီမံခန့်ခွဲရန်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးပါ ထုတ်ပေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်အလိုက် အမြင့်ဆုံး ထောင်ဒဏ် (၅) နှစ်နှင့် ငွေဒဏ် ကျပ် (၁၅) သိန်းအထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေအသစ်ကို အခန်း (၈) ခန်းဖြင့် ပြဋ္ဌာန်းပြီး ကျူးလွန်မှုအလိုက် အမြင့်ဆုံးထောင်ဒဏ် (၅) နှစ်အထိ သတ်မှတ်
Mar 18 • 7:57 AM
Myanmar
Local
Share
| 12 | 0 | 0 | 0 |


