ရာသီဥတုပူပြင်းလာမှုနှင့်အတူ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်မှစတင်ကာ ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေပေါ် မူတည်၍ အချို့နေရာများကို အချိန်ပိုင်းဖြင့် ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ LNG သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်လိုင်းဖြင့် ပေးပို့သည့်နေရာများကိုမူ အစီအစဉ်တွင် ထည့်သွင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
Mar 18 • 7:56 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


