back

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတိုက်စစ်မှူးဝင်းသိင်္ဂီထွန်း နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့ခဲ့

Mar 18 • 7:44 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတိုက်စစ်မှူးဝင်းသိင်္ဂီထွန်း နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့ခဲ့

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။နီပေါအမျိုးသမီးကလ...

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဟာ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ယခု ၂၀၂၆ ရာသီ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ANFA Women's League 2026 အတွက် တစ်ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ ဆန်ကာတာအသင်းမှာ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ ဆန်ကာတာအသင်းဟာ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ စတင်တည်ထောင်ပြီး ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အသင်းသစ်တစ်သင်း ဖြစ်ပါတယ်။ ဆန်ကာတာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲအပြီးမှာ အဆင့် (၇) နေရာကို ရရှိထားခဲ့ပါတယ်။ ယခု ၂၀၂၆ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း (၁၀) သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်ပထွက်ပြီး ပရိုကစားနေသူဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အိန္ဒိယကလပ်အသင်းတွေဖြစ်တဲ့ ဂိုကူလမ်ကီရာရာ၊ လော့စ်၊ အိုဒီရှား၊ ထိုင်းကလပ် အာရှစကောလားကောလိပ်၊ မလေးရှားကလပ် ဆဘားရှ်အသင်းတွေဆီမှာ ပရိုကစားသမားအဖြစ် သွားရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။


news-view-count-icon

47