back

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ဆေးရုံ တိုက်ခိုက်ခံရမှု လူ ၄၀၀ သေဆုံးကြောင်း တာလီဘန်ပြောကြား

Mar 18 • 7:23 AM

breaking-news

Myanmar

International

cover

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ဆေးရုံ တိုက်ခိုက်ခံရမှု လူ ၄၀၀ သေဆုံးကြောင်း တာလီဘန်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ မူးယစ်ဆေးစွဲလူနာများ ကုသရေး ဆေးရုံတစ်ရုံကို ပါကစ္စတန်စစ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၄၀၀ သေဆုံးခဲ...

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ မူးယစ်ဆေးစွဲလူနာများ ကုသရေး ဆေးရုံတစ်ရုံကို ပါကစ္စတန်စစ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၄၀၀ သေဆုံးခဲ့ရကြောင်း အာဖဂန်တာလီဘန်အဖွဲ့က မတ် ၁၇ ရက်တွင်သတင်း ထုတ်ပြန် ထားသည်။အိုမစ်အမည်ရှိ အဆိုပါ ခုတင်(၂,၀၀၀) မူးယစ်ဆေးစွဲလူနာ ကုသရေးဆေးရုံကို ပါကစ္စတန် စစ်ဘက်ကမတ်၁၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာလီဘန်အုပ်စု သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိုမစ် မူးယစ်ဆေးစွဲလူနာကုသရေးဆေးရုံ တိုက်ခိုက်ခံရမှု တွင်လူပေါင်း ၂၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာလီဘန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားထားသည်။ အာဖဂန်တာလီဘန်အုပ်စု၏ အထက်ပါသတင်းထုတ်ပြန်ချက်များကို သတင်းမှားထုတ်ပြန်မှုအဖြစ်ပါကစ္စတန်အစိုးရကငြင်းပယ်ထားပြီး မတ် ၁၆ ရက် လေ ကြောင်းတိုက်ခိုက်မှုများတွင် စစ်ရေးပစ်မှတ်များကိုသာ တိတိကျကျ ရွေးချယ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားထားသည်။ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အိမ်နီးချင်း နှစ်နိုင်ငံအကြားအပြန်အလှန် စစ်ရေးတိုက်ခိုက်မှု များမှာ ယခုနှစ် ဖေဖော်ဝါရီလကပင်စတင်ဖြစ်ပွားခဲ့သည်။ပါကစ္စတန်ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ် နေသောစစ်သွေးကြွများကို အာဖဂန်တာလီဘန်အုပ်စုက လက်ခံနေရာပေးထားကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲ ထားသည်။



news-view-count-icon

18