back

မဟာဗျူဟာမြောက် အရန်ရေနံများဂျပန်အစိုးရ စတင်ထုတ်ပေးနေ

Mar 18 • 7:21 AM

breaking-news

Japan

Local News

cover

မဟာဗျူဟာမြောက် အရန်ရေနံများဂျပန်အစိုးရ စတင်ထုတ်ပေးနေ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပေါ်ထွက်လာသော စွမ်းအင်အကျပ်အတည်းကို ကျော်ဖြတ်ရေးအတွက် မဟာဗျူဟာမြောက်အရန်ရေနံများ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်အစိုးရက မတ်၁၆ရက်တ...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပေါ်ထွက်လာသော စွမ်းအင်အကျပ်အတည်းကို ကျော်ဖြတ်ရေးအတွက် မဟာဗျူဟာမြောက်အရန်ရေနံများ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်အစိုးရက မတ်၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။မဟာဗျူဟာမြောက်အရန်ရေနံများ ထုတ်ယူသုံးစွဲမှုကို အခြားဒေသများအရင် အာရှနှင့်သမုဒ္ဒရာပိုင်းဒေသတို့၌ စတင်မည်ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) က ပြောကြားခဲ့ပြီးနောက် ဂျပန်အစိုးရကမဟာဗျူ ဟာမြောက်အရန်ရေနံများ စတင်ထုတ်ပေးနေခြင်းဖြစ်သည်။အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် နိုင်ငံတကာစွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုဒဏ်မှ ခုသာခံသာရှိရေးအတွက် လက်ဝယ်သိုလှောင်ထားသောမဟာဗျူဟာအရန် ရေနံများကို ထုတ်ယူသုံးစွဲရန် အိုင်အေအီးအေအဖွဲ့ဝင်နိုင်ငံများက မတ် ၁၁ ရက်တွင် သဘောတူထားပြီးဖြစ်သည်။ဂျပန်နိုင်ငံက လက်ဝယ်ပိုင်ဆိုင်ထားသော မဟာဗျူဟာမြောက် အရန်ရေနံပမာဏမှာ ကမ္ဘာ့အများဆုံး မဟာဗျူဟာရေနံပမာဏများထဲတွင် ပါဝင်ပြီးရေနံစိမ်းစည်ပေါင်း သန်း ၄၀၀ ကျော် ရှိထားသည်။ဂျပန်၏ အထက်ပါအရန်ရေနံ ပမာဏမှာ ပြည်တွင်း၌ရက်ပေါင်း ၂၅၄ရက်ကြာ သုံးစွဲနိုင်ရေးအတွက် လုံလောက် မှုရှိကြောင်းသိရသည်။


news-view-count-icon

14