back

ပြည်တွင်းရှိမြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်

Mar 17 • 7:42 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်းရှိမြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်သောကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လိုကြောင်း မိုးလေ...

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်သောကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လိုကြောင်း မိုးလေဝသ စောင့်ကြည့်သူများက ဆိုသည်။နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဦးဝင်းနိုင်ကမူ တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေ အားလျော့နည်းသွားပြီးနောက် ယမန်နေ့ (မတ်၁၆ရက်)မှ စတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌နိုင်ကြောင်း ဆိုသည်။အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်သည်ဟုလည်း သူက ရေးသားဖော်ပြသည်။


news-view-count-icon

16