မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီး၏ ပြိုင်ပွဲ(၃) ရက်တာအတွင်း အမျိုးသားသုံးယောက်တွဲ/လေးယောက်တွဲတို့၏ ယှဉ်ပြိုင်မှု ရမှတ်များ ထွက်ပေါ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။မတ်လ(၁၄)ရက်မှ မတ်လ (၁၆)ရက်အထိ ယှဉ်ပြိုင်ကစားထားသည့် အမှတ်စာရင်းများဖြစ်ပြီး အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် YRGအသင်းက ရမှတ် (၉)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင်ရပ်တည်နေပြီး Youth Camp အသင်းက ရမှတ်(၆)မှတ်ဖြင့် ဒုတိယ၊ USL အသင်းက ရမှတ် (၆)မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။အမျိုးသားသုံးယောက်တွဲပြိုင်ပွဲကို အသင်းပေါင်း (၁၀)သင်းယှဉ် ပြိုင်ကစားနေခြင်းလည်းဖြစ်သည်။




