အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲပဋိပက္ခ မရေရာမှုများကြောင့် ယနေ့ မတ်လ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၅၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၆ ရက်က ဒေါ်လာ ၅၀၀၀ ဝန်းကျင်တွင်သာ ရှိခဲ့သော်လည်း စွမ်းအင်ထောက်ပံ့မှု နှောင့်နှေးလာခြင်း၊ လောင်စာဆီဈေးနှုန်းနှင့် အတိုးနှုန်းများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းတို့ကြောင့် ရွှေဈေးနှုန်းမှာ မတည်မငြိမ်ဖြစ်ကာ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို လာမည့်အပတ်အတွင်း ပြင်းထန်စွာ ထိခိုက်စေမည်ဟု ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ရွှေဈေးနှုန်းမှာ ဒေါ်လာ ၅၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


