ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ အ.ထ.က (တာချီလိတ်) စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ ကျန်းမာရေးနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး အ.ထ.က(တာချီလိတ်)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
Mar 17 • 6:54 AM
Myanmar
Shan
Share
| 6 | 0 | 0 | 0 |


