back

မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ဆရာကန်တော့ပွဲအတွက် အလှူငွေအကြိမ်ကြိမ်ကောက်ခံနေမှုအပေါ် ကျောင်းသားများနှင့် မိဘများ အခက်တွေ့နေ

Mar 17 • 6:53 AM

breaking-news

Myanmar

Ayeyarwady

cover

မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ဆရာကန်တော့ပွဲအတွက် အလှူငွေအကြိမ်ကြိမ်ကောက်ခံနေမှုအပေါ် ကျောင်းသားများနှင့် မိဘများ အခက်တွေ့နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ယခင်က တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပမြဲဖြစ်သော ဆရာကန်တော့ပွဲကို ၂၀၂၃ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် (...

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ယခင်က တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပမြဲဖြစ်သော ဆရာကန်တော့ပွဲကို ၂၀၂၃ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် (Semester တစ်ခုလျှင် တစ်ကြိမ်) တိုးမြှင့်ကျင်းပလာပြီး အလှူငွေများ ကောက်ခံနေခြင်းကြောင့် ၄ နှစ်သင် ကျောင်းသား/သူများမှာ စီးပွားရေးကြပ်တည်းမှုကြားမှ ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အခက်တွေ့နေရကြောင်း သိရသည်။ အဆိုပါကောက်ခံမှုများကို ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းဝေနှင့် ဆရာမများက တိုက်ရိုက်ညွှန်ကြားခြင်း မဟုတ်ဘဲ ကျောင်းကောင်စီနှင့် ကျောင်းသားခေါင်းဆောင်များမှတစ်ဆင့် ထုံးစံသဘောမျိုး ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် ဆရာ/မများ၏ ညွှန်ကြားချက်ကင်းစင်ခြင်းမရှိကြောင်း ဝေဖန်မှုများရှိနေပြီး၊ သင်တန်းတိုတက်ရောက်သူများအတွက် အဆင်ပြေနိုင်သော်လည်း ၄ နှစ်သင်ကျောင်းသားများမှာမူ Semester တိုင်း ကန်တော့ပွဲကြေး ၃၀၀၀၀ မှ ၄၀၀၀၀ ကျပ်အပြင်၊ နှစ်အလိုက် Action Research နှင့် Project လုပ်ငန်းများအတွက် ကျပ် ၅၀၀၀၀ နှင့်အထက် ကုန်ကျစရိတ်များရှိနေခြင်း၊ ကျောင်းမှ ကျွေးမွေးသော အစားအသောက်မှာလည်း အရည်အသွေးမပြည့်ဝခြင်းတို့ကြောင့် လက်ရှိခက်ခဲနေသည့် ကာလအတွင်း ကျောင်းသားမိဘများမှာ ငွေကြေးရှာဖွေထောက်ပံ့ရန် အလွန်ပင်ပန်းနေရကြောင်း သိရသည်။

news-view-count-icon

14