၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော မတ်လ ၁၇ ရက်တွင် ကျောင်းသား၊ ကျောင်းသူများသည် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ စာမေးပွဲကာလတစ်လျှောက်လုံးတွင် ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၆ ရက် (ပဉ္စမနေ့) တွင် ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ဖြေဆိုသူ ၉၄.၇၅ ရာခိုင်နှုန်းရှိခဲ့ပြီး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်မူ ၉၉.၃၅ ရာခိုင်နှုန်းအထိ လာရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
Mar 17 • 6:52 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


