back

ဘရာဇီးလ်အသင်းလူစာရင်းတွင် ပရီးမီးယားလိဂ်ခြေစွမ်းပြကစားသမားသစ် ၂ ဦး ပထမဆုံးအကြိမ် ပါဝင်လာ

Mar 17 • 6:35 AM

breaking-news

Myanmar

International

cover

ဘရာဇီးလ်အသင်းလူစာရင်းတွင် ပရီးမီးယားလိဂ်ခြေစွမ်းပြကစားသမားသစ် ၂ ဦး ပထမဆုံးအကြိမ် ပါဝင်လာ

ဘရာဇီးလ်လက်ရွေးစင်အသင်းသည် ယခုလအတွင်း အမေရိကန်၌ ကစားမည့် ခရိုအေးရှား၊ ပြင်သစ်တို့နှင့် ခြေစမ်းပွဲများအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေ...

ဘရာဇီးလ်လက်ရွေးစင်အသင်းသည် ယခုလအတွင်း အမေရိကန်၌ ကစားမည့် ခရိုအေးရှား၊ ပြင်သစ်တို့နှင့် ခြေစမ်းပွဲများအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေသည့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဂေါသီယာဂိုနှင့် ဘုန်းမောက်တောင်ပံကစားသမား ရာယန်တို့ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် သီယာဂိုသည် လက်ရှိပရီးမီးယားလိဂ်တွင် ၁၉ ဂိုးသွင်းယူကာ ဟာလန်းပြီးလျှင် ဒုတိယဂိုးအများဆုံးဖြစ်နေပြီး၊ ၁၉ နှစ်အရွယ် ရာယန်မှာလည်း ဘုန်းမောက်သို့ ရောက်ရှိပြီးနောက် ခြေစွမ်းပြနေသူဖြစ်သည်။ ဒဏ်ရာပြဿနာကြောင့် နေမာ ပါဝင်နိုင်ခြင်းမရှိသော်လည်း အလီဆန်၊ ဗီနီစီးယပ်စ်နှင့် ကတ်စီမီရိုတို့ကဲ့သို့ အမာခံကစားသမားများ ပါဝင်လာသည်ကို တွေ့ရသည်။

news-view-count-icon

18