back

စက်သုံးဆီ ဂယက်ကြောင့် သီရိလင်္ကာမှာ တစ်ပတ် အလုပ်လုပ်ရက် ၄ ရက် သတ်မှတ်

Mar 17 • 6:39 AM

breaking-news

Myanmar

International

cover

စက်သုံးဆီ ဂယက်ကြောင့် သီရိလင်္ကာမှာ တစ်ပတ် အလုပ်လုပ်ရက် ၄ ရက် သတ်မှတ်

အရှေ့အလယ်ပိုင်း စစ်ပွဲ နောက်ထပ် ရှည်ကြာလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သီရိလင်္ကာက သူတို့ရဲ့ ရှားပါးတဲ့ အရန်လောင်စာ ပမာဏထိန်းသိမ်းရေး တစ်ပတ် အလုပ်လုပ်ရက...

အရှေ့အလယ်ပိုင်း စစ်ပွဲ နောက်ထပ် ရှည်ကြာလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သီရိလင်္ကာက သူတို့ရဲ့ ရှားပါးတဲ့ အရန်လောင်စာ ပမာဏထိန်းသိမ်းရေး တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်ပဲ သတ်မှတ်ကြောင်း မတ် ၁၆ ရက်မှာ ကြေညာပါတယ်။ငြိမ်းချမ်းတဲ့ ကာလတွေမှာ ကမ္ဘာကြီးရဲ့ ကုန်စည်ဖြတ်သန်း စီးဆင်းမှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ အဓိက ရေလမ်းကြောင်း ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားပါတယ်အခု တတိယ သီတင်းပတ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲ ဆင်နွှဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အဲဒီလို အချက်အချာ လမ်းကြောင်းကို ပိတ်ထားတာ ဖြစ်ပါတယ်။သီရိလင်္ကာမှာ အစိုးရ ဌာနတွေအနေနဲ့ မတ် ၁၈ ရက်က စတင်ပြီး သီတင်းတစ်ပတ်ကို ၄ ရက်တည်း အလုပ်ဆင်းရမယ့် အစီအစဉ် စတင်မှာ ဖြစ်ကြောင်း မရှိမဖြစ် လိုအပ်သော ဌာနများဆိုင်ရာ ကော်မရှင်နာမင်းကြီး ပရာဘက် ချန်ဒရာကာသီက ပြောပါတယ်။

အဲဒီ ခြိုးခြံချွေတာရေး အစီအစဉ် အသစ်တွေဟာ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေအတွက်လည်း အကျုံးဝင်ပြီး အချိန် အကန့်အသတ်မရှိ လိုက်နာရမှာ ဖြစ်တယ်လို့ ချန်ဒရာကာသီက ပြောထားပါတယ်။သီရိလင်္ကာဟာ သူတို့နိုင်ငံအတွက် လိုအပ်တဲ့ လောင်စာ အားလုံးကို ပြည်ပက တင်သွင်းတာ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးဖို့ ကျောက်မီးသွေးတွေလည်း ဝယ်ယူနေရတာ ဖြစ်ပါတယ်။လောင်စာ အချိုးကျ ထုတ်ပေးရေး မတ် ၁၅ ရက်က စတင်ခဲ့ပြီး ယာဉ်မောင်း တစ်ဦးစီ အတွက် တစ်ပတ်ကို ဒီဇယ် ဒါမှမဟုတ် ဓာတ်ဆီ ၁၅ လီတာပဲ ထုတ်ယူခွင့် ရှိပြီး အများပြည်သူဆိုင်ရာ ပို့ဆောင်ရေးယာဉ် တစ်စီးစီအတွက် လီတာ ၂၀၀ ခွင့်ပြုထားပါတယ်။



news-view-count-icon

18