back

မြစ်ကြီးနားလေဆိပ်အား ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထား

Mar 17 • 6:33 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားလေဆိပ်အား ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် လုံခြုံရေးအခြေအနေများကြောင့် လေကြောင်းလိုင်းပျံသန်းမှုများကို လက်ရှိအချိန်ထိ ရက်အကန့်အသတ်မရှိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ ပ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် လုံခြုံရေးအခြေအနေများကြောင့် လေကြောင်းလိုင်းပျံသန်းမှုများကို လက်ရှိအချိန်ထိ ရက်အကန့်အသတ်မရှိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ထွက်ခွာရန်ပြင်ဆင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုနှင့် အခြားဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် လေဆိပ်လုံခြုံရေးအရ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လေယာဉ်လက်မှတ်အရောင်းဌာနများအနေဖြင့် မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ခရီးသွားပြည်သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

11