back

မွန်ပြည်နယ်မှာ စုံမယာဉ်စစ်ဆေးမှု ယနေ့စတင်

Mar 17 • 6:27 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်မှာ စုံမယာဉ်စစ်ဆေးမှု ယနေ့စတင်

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ခြိုးခြံချွေတာရန် ရည်ရွယ်၍ "စုံ၊ မ ယာဉ်စနစ်" ကို မတ်လ ၁၆ ရက်မှစတင်ကာ ဌာနစုံပါဝင်သော One Stop Se...

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ခြိုးခြံချွေတာရန် ရည်ရွယ်၍ "စုံ၊ မ ယာဉ်စနစ်" ကို မတ်လ ၁၆ ရက်မှစတင်ကာ ဌာနစုံပါဝင်သော One Stop Service အဖွဲ့များဖြင့် တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါစနစ်အရ စုံရက်များတွင် စုံဂဏန်းအက္ခရာပါသောယာဉ်နှင့် မရက်များတွင် မဂဏန်းအက္ခရာပါသောယာဉ်များသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ ပညာပေးကာလကုန်ဆုံးပြီဖြစ်၍ ယခုအခါ စတင်အရေးယူနေခြင်းဖြစ်သည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်ဆေးရေးအဖွဲ့များသည် စုံ/မ စနစ်အပြင် ယာဉ်မောင်းလိုင်စင်၊ ဝိတက်နှင့် အခြားယာဉ်စည်းကမ်းများကိုပါ ပူးတွဲစစ်ဆေးနေသဖြင့် သွားလာရေးတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ အကယ်၍ သတ်မှတ်ချက်ကို ဖောက်ဖျက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် (၁) လ သို့မဟုတ် ငွေဒဏ် ကျပ်နှစ်သောင်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်သည်။ လက်ရှိတွင် ယာဉ်သွားလာမှုများ လျော့ကျလာသော်လည်း စက်သုံးဆီဝယ်ယူရန်အတွက်မူ အချိန်ကြာမြင့်စွာ တန်းစီနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

9