back

လေယာဉ်ဆီဝယ်မရ၍ လေကြောင်းခရီးစဉ်များ လျှော့ချရန် ဗီယက်နမ်ပြင်ဆင်

Mar 17 • 6:28 AM

breaking-news

Vietnam

Local News

cover

လေယာဉ်ဆီဝယ်မရ၍ လေကြောင်းခရီးစဉ်များ လျှော့ချရန် ဗီယက်နမ်ပြင်ဆင်

အီရန်စစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လောင်စာဆီတင်ပို့မှုများကို ရပ်တန့်လိုက်ပြီးနောက် ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ဆီပြတ်လပ်မှု အ...

အီရန်စစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လောင်စာဆီတင်ပို့မှုများကို ရပ်တန့်လိုက်ပြီးနောက် ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ဆီပြတ်လပ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် လာမည့် ဧပြီလမှစတင်ကာ လေကြောင်းခရီးစဉ်များကို လျှော့ချရန် ဗီယက်နမ်အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဗီယက်နမ်သည် လိုအပ်သော လေယာဉ်ဆီ သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းခန့် ရရှိနေသည့် တရုတ်နိုင်ငံက မတ်လ ၁၁ ရက်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံက မတ်လ ၆ ရက်တွင်လည်းကောင်း ပြည်ပသို့ လောင်စာဆီတင်ပို့မှုများကို ပိတ်ပင်ခဲ့ကြသည်။ ဗီယက်နမ်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAV) က လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် လေယာဉ်များ ရပ်နားထားမည့်နေရာများ ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ ထို့အပြင် စင်ကာပူနိုင်ငံမှ ပေးပို့မှုများလည်း ကျဆင်းနေပြီး ပြည်တွင်း လောင်စာဆီတင်သွင်းသည့် လုပ်ငန်းကြီးများဖြစ်သော Petrolimex နှင့် Skypec တို့ကလည်း ဧပြီလအတွက် ကန်ထရိုက်များ ဖြည့်ဆည်းပေးနိုင်ရန် မသေချာကြောင်း အကြောင်းကြားထားသဖြင့် ဗီယက်နမ်၏ လေကြောင်းကဏ္ဍမှာ ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

news-view-count-icon

8