ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည့် နေအိမ် (၁၇) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၇၄ သိန်းကျော် အပြင် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ ပုံးများကို လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ တိုက်ရိုက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Mar 17 • 6:26 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


