စင်ကာပူနိုင်ငံ၊ အရှေ့-အနောက်ရထားလမ်းပိုင်း (EWL) ပေါ်ရှိ Tanah Merah နှင့် Expo MRT ဘူတာအကြား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် ရပ်နားထားသည့် ရထားဝန်ဆောင်မှုများကို မူလသတ်မှတ်ထားသည့် မတ်လ ၁၈ ရက်အစား မတ်လ ၁၇ ရက် (အင်္ဂါနေ့) တွင် တစ်ရက်စော၍ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း မြေယာသယ်ယူပို့ဆောင်ရေးအာဏာပိုင် (LTA) က ထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်သည် East Coast Integrated Depot နှင့် ချိတ်ဆက်နိုင်ရန် လမ်းကြောင်းဟောင်းများကို ဖယ်ရှားသည့် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ပြီး၊ SMRT နှင့် LTA တို့မှ ဝန်ထမ်းပေါင်း ၈၅၀ ကျော်၏ ကြိုးပမ်းမှု၊ သာယာသော ရာသီဥတုအခြေအနေတို့ကြောင့် သတ်မှတ်ချိန်ထက်စော၍ ပြီးစီးခဲ့ခြင်းဖြစ်သည်။ လမ်းကြောင်းများ၊ လျှပ်စစ်နှင့် အချက်ပြစနစ်များကို Ultrasonic နည်းပညာဖြင့် အသေးစိတ်စစ်ဆေးပြီးစီးပြီဖြစ်၍ ရထားဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြေးဆွဲတော့မည်ဖြစ်ရာ အစားထိုးပြေးဆွဲပေးနေသည့် ရှပ်တဲလ်ဘတ်စ် (Shuttle Bus) S8 ကိုလည်း မနက်ဖြန် မွန်းလွဲပိုင်းမှစတင်၍ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသဖြင့် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ပြန်လည်စီးနင်းနိုင်ပြီဖြစ်ပါသည်။
Mar 17 • 6:12 AM
Singapore
Local News
Share
| 8 | 0 | 0 | 0 |


