back

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ လူနေအိမ်တလုံးကို ဓားပြဝင်တိုက်သွားလို့ ငွေသား ကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားခဲ့

Mar 17 • 6:11 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ လူနေအိမ်တလုံးကို ဓားပြဝင်တိုက်သွားလို့ ငွေသား ကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားခဲ့

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ မတ်လ ၁၅ ရက် ညနေပိုင်းက ပါဆယ်အမှာပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်လာသည့် အမျိုးသ...

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ မတ်လ ၁၅ ရက် ညနေပိုင်းက ပါဆယ်အမှာပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်လာသည့် အမျိုးသားနှစ်ဦးက ဓားပြဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေသားနှင့် အဖိုးတန်ပစ္စည်းများစွာ ပါသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၇၆ x ၇၈ လမ်းကြား၊ ၈ x ၉ လမ်းကြားရှိ ဦးသောင်းအေး၏နေအိမ်သို့ လူလတ်ပိုင်းနှင့် လူငယ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ရောက်ရှိလာကာ ကလေးငယ်တစ်ဦးကို ဖမ်းချုပ်ခြိမ်းခြောက်၍ ငွေသေတ္တာသော့ကို တောင်းယူခဲ့ခြင်းဖြစ်သည်။ ဓားပြတိုက်ခံရချိန်တွင် အိမ်၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် (၃) ဦးသာရှိနေပြီး ငွေသားကျပ် သိန်း ၂၂၀၊ ရွှေ (၅) ကျပ်သားတုံး (၂) တုံး၊ လက်ဝတ်လက်စား ရွှေထည် (၆) မျိုးနှင့် သွေးပြီးသား ကျောက်စိမ်းပွင့် (၅၀) တို့ ပါသွားခဲ့သော်လည်း လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ လက်ရှိတွင် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမှုများ ပြုလုပ်ကာ ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများကို ယူဆောင်၍ တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

news-view-count-icon

23