မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးတိမ်တောင်များ ရွေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ညနေပိုင်းတွင် အထူးသတိပေး နှိုးဆော်ထားပါသည်။ မိုးရွာသွန်းမှု အခြေအနေအရ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ ရွာသွန်းနိုင်သလို ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာရန် ရာနှုန်း ၈၀ အထိ ရှိနေပါသည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့် ၄ ပေမှ ၆ ပေခန့်အထိ ရှိနိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ပြည်သူများအနေဖြင့် မိုးသက်လေပြင်း အန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း သိရှိရပါသည်။
ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုး/ဇလ နှိုးဆော်
Mar 17 • 6:02 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


