အာဖဂန်နစ္စတန်ဘောလုံးအဖွဲ့ချုပ် (AFF) သည် လာမည့် မတ် ၂၆ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် နည်းပြသစ်အဖြစ် ပါကစ္စတန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဘရာဇီးလ်နိုင်ငံသား ဂျို့စ်အန်တိုနီယိုနိုဂူရာကို တစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပါသည်။ နည်းပြသစ် နိုဂူရာသည် ပါကစ္စတန်အသင်းနှင့် ဘရာဇီးလ်ကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး မတ် ၇ ရက်ကတည်းက မြန်မာအသင်းနှင့်ပွဲအတွက် လေ့ကျင့်မှုများ စတင်နေပြီ ဖြစ်သည်။ အဆိုပါပွဲစဉ်သည် ကွင်းအခက်အခဲကြောင့် ၂၀၂၅ ခုနှစ်မှ ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ အိမ်ကွင်းပွဲစဉ်အဖြစ် ကျင်းပနိုင်ခြင်းမရှိသောကြောင့် ယခင်ပွဲများကဲ့သို့ပင် ကြားကွင်းတစ်ခု၌သာ မြန်မာအသင်းနှင့် ရင်ဆိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 17 • 6:01 AM
Myanmar
Local
Share
| 12 | 0 | 0 | 0 |


