ယူအေအီးဆိပ်ကမ်းမှ ထွက်ခွာလာစဉ် ဟောမုဇ်ရေလက်ကြား၌ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ထိုင်းမှတ်ပုံတင် Mayuree Naree ကုန်တင်သင်္ဘောမှ သင်္ဘောသား (၂၀) ဦးသည် မတ်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ အဆိုပါသင်္ဘောသည် ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က လေကြောင်းမှ ပျံသန်းလာသော အရာဝတ္တု (၂) ခု ထိမှန်ကာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ အိုမန်ရေတပ်၏ ကယ်ဆယ်မှုဖြင့် ယခုကဲ့သို့ နေရပ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘောကုမ္ပဏီဖြစ်သည့် Precious Shipping Public Company Limited (PSL) က ပြန်လည်ရောက်ရှိလာသူများအတွက် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သလို၊ သင်္ဘော၏ အင်ဂျင်ခန်းအတွင်း ပိတ်မိနေသည်ဟု ယူဆရသည့် ကျန်ရှိနေသူ သင်္ဘောသား (၃) ဦးကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ အမြန်ဆုံးရှာဖွေနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံခဲ့ရသော ထိုင်းရေယာဉ်မှ သင်္ဘောသား ၂၀ ဦး ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Mar 17 • 6:00 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


