back

တာချီလိတ်တွင် ပုန်းအောင်းနေသည့် ဝရမ်းပြေး ထိုင်းနိုင်ငံသား ၇ ဦးကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်း

Mar 17 • 5:58 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်တွင် ပုန်းအောင်းနေသည့် ဝရမ်းပြေး ထိုင်းနိုင်ငံသား ၇ ဦးကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်း

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး၊ လူသတ်မှုနှင့် လက်နက်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး တာချီလိတ်မြို့၌ လာရောက်ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံသား ၇ ဦး (အမျိုးသ...

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး၊ လူသတ်မှုနှင့် လက်နက်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး တာချီလိတ်မြို့၌ လာရောက်ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံသား ၇ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး) ကို မြန်မာအာဏာပိုင်များက ဖမ်းဆီးကာ ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် အမှတ် (၁) တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားပေါ်၌ ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းလိုက်သည့် တရားခံများအနက် မူးယစ်ဆေးဝါးအမှုမှ အဓိကတရားခံ ၃ ဦးကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) က တိုက်ရိုက်ခေါ်ယူစစ်ဆေးနေပြီး ကျန်ရှိသူများကို သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

9