ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အမျိုးသားလွှတ်တော် (ဆပ်ပါယ ဆတ်ဖား ဆတ်ထာန်) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲတွင် ထိုင်းဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn က တော်ဝင်မိန့်ခွန်း ပြောကြားခဲ့ပြီး၊ လွှတ်တော်အမတ်များအနေဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် မိမိတို့၏ တာဝန်ဝတ္တရားများကို အစွမ်းကုန် ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့်အတူ အထက်နှင့်အောက် လွှတ်တော်ကိုယ်စားလှယ်များ၊ အိမ်စောင့်အစိုးရအဖွဲ့ဝင်များနှင့် ဗန်ကောက်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ရုံး အကြီးအကဲများ စုံလင်စွာ တက်ရောက်ခဲ့ကြသဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် သံတမန်ရေးရာ ဆက်ဆံမှုများအတွက် အရေးပါသည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။
ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးစတင်ဖွင့်လှစ် ဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်ခဲ့
Mar 17 • 6:04 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


