ပြည်တွင်းသို့ ဘက်ထရီ လျှပ်စစ်သုံး လူစီး(EV)ယာဉ်များကိုနှစ်နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ပြုထားရာမှဧပြီ၁ရက်မှစတင်ကာအခွန် ၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ဘက်ထရီ လျှပ်စစ်သုံး လူစီး(EV)ယာဉ်များကို အထူးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီးပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ် အထူး ကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မတ်လ၁၅ရက်က ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ဖော်ပြထားသည်။



