back

ဟော်မုဇ်ရေလက်ကြားထံစစ်သင်္ဘောများစေလွှတ်ရန်ငြင်းပယ်သည့်မဟာမိတ်များကို ထရမ့်ဒေါသထွက်

Mar 17 • 5:39 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြားထံစစ်သင်္ဘောများစေလွှတ်ရန်ငြင်းပယ်သည့်မဟာမိတ်များကို ထရမ့်ဒေါသထွက်

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောများ လိုက်ပါပို့ဆောင်ပေးဖို့ စစ်သင်္ဘောများစေလွှတ်ရန် ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို အမေရိကန် မဟာမိတ်အများအပြား ပယ်ချလိုက်...

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောများ လိုက်ပါပို့ဆောင်ပေးဖို့ စစ်သင်္ဘောများစေလွှတ်ရန် ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို အမေရိကန် မဟာမိတ်အများအပြား ပယ်ချလိုက်သဖြင့် ဆယ်စုနှစ်တွေကြာအောင် ထောက်ပံ့ပေးခဲ့တာကို အနောက်တိုင်းမဟာမိတ်တွေ ကျေးဇူးမသိတတ်ဘူးလို့ အမေရိကန်သမ္မတ ဝေဖန်လိုက်ပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်သန်းသွားလာနေတဲ့ လမ်းကြောင်းဖြစ်ပြီး စစ်ပွဲပဋိပက္ခကြောင့် ပိတ်ဆို့ခံထားရကာ လောင်စာဈေးနှုန်း မြင့်တက်နေပါတယ်။ အီရန်က ဒရုန်းတွေ ရေမြှုပ်မိုင်းတွေနဲ့ ပိတ်ဆို့ကာရံထားတဲ့ ဒီလမ်းကြောင်း ပြန်လည်ပွင့်စေဖို့ စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိဘူးလို့ ဂျာမနီ၊ စပိန်၊ အီတလီအပါအဝင် အမေရိကန်မဟာမိတ်အချို့ ပြောပါတယ်။

news-view-count-icon

12