back

လူပေါင်း ၅၀၀ ကို ရန်သူ့သတင်းပေးအဖြစ်စွပ်စွဲ၍ အီရန်ရဲတပ်ဖွဲ့ ဖမ်းဆီး

Mar 17 • 5:37 AM

breaking-news

Myanmar

International

cover

လူပေါင်း ၅၀၀ ကို ရန်သူ့သတင်းပေးအဖြစ်စွပ်စွဲ၍ အီရန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ရန်သူများထံ သတင်းပေးသူများအဖြစ် စွပ်စွဲခံထားရသူ ၅၀၀ တို့ကို အီရန်အာဏာပိုင် များက ဖမ်းဆီးထားကြောင်း မတ် ၁၅ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အမေရိကန်ပြည်ထောင်စ...

ရန်သူများထံ သတင်းပေးသူများအဖြစ် စွပ်စွဲခံထားရသူ ၅၀၀ တို့ကို အီရန်အာဏာပိုင် များက ဖမ်းဆီးထားကြောင်း မတ် ၁၅ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိစစ်ရေးပစ်မှတ်များအား ဆက်လက်တိုက်ခိုက်နေချိန်တွင် ရန်သူ့သတင်းပေးအဖြစ် စွပ်စွဲခံထားရသူများကို အီရန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။ရန်သူ့ထံ သတင်းပေးမှုဖြင့်ဖမ်းဆီးခံထားရသူများထဲတွင် စစ်ရေးပစ်မှတ်သတင်းပေးခြင်း ကဲ့သို့သောပြင်းထန်သည့် ပြစ်မှုမျိုးလည်းပါဝင်ကြောင်း အီရန်ရဲတပ်ဖွဲ့ အကြီးအကဲက မတ် ၁၅ ရက်တွင် ပြောကြားထားသည်။အီရန်အာဏာပိုင်များသည်ရန်သူ့သတင်းပေးအဖြစ် စွပ်စွဲခံထားရသူများကို မတ် ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အစ္စရေးနိုင်ငံသည် အီရန်လုံခြုံရေးကင်းစခန်းများကို မြေပြင်သတင်းပေးများ၏ အကူအညီ ဖြင့်တိုက်ခိုက်နေချိန်တွင် လူပေါင်း ၅၀၀ကို ရန်သူ့ သတင်းပေးအဖြစ် စွပ်စွဲ၍ အာဏာပိုင် များက ဖမ်းဆီးထားခြင်းဖြစ်သည်။ မြေပြင် သတင်းပေးများ၏ သတင်းပေးပို့မှုဖြင့် အီရန်လုံခြုံရေးကင်းစခန်းများကို ပစ်မှတ် ထားတိုက်ခိုက်မှုများသည် လက်ရှိ ဖြစ်ပွားနေသော အီရန်စစ်ပွဲ၏ အခြေအနေသစ်တစ်ရပ် ကို ကိုယ်စားပြုကြောင်းအစ္စရေးစစ်ဘက် တာဝန်ရှိသူများကပြောကြားထားသည်။



news-view-count-icon

13