back

အမျိုးသမီးများသည်အမျိုးသားတွေလောက်သွေးကြောမပိတ်သော်လည်း နှလုံးဖောက်နိုင်ခြေပိုမြင့်မား

Mar 17 • 5:35 AM

breaking-news

Myanmar

Local

breaking-news
cover

အမျိုးသမီးများသည်အမျိုးသားတွေလောက်သွေးကြောမပိတ်သော်လည်း နှလုံးဖောက်နိုင်ခြေပိုမြင့်မား

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ပုံတွေက အမျိုးသားတွေနဲ့ ကွဲပြားနေပြီး ယခုနောက်ဆုံးအရဆိုရင် နှလုံးသွေးကြောတွေအပေါ်မှာ အဆီအနည်တွေစုပြုံမှု ကွဲပြားပါတယ်။ အမျို...

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ပုံတွေက အမျိုးသားတွေနဲ့ ကွဲပြားနေပြီး ယခုနောက်ဆုံးအရဆိုရင် နှလုံးသွေးကြောတွေအပေါ်မှာ အဆီအနည်တွေစုပြုံမှု ကွဲပြားပါတယ်။ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ နှလုံးသွေးကြောအချိုးအစားနဲ့ ကြည့်ရင် အဆီအနည်ထိုင်ခြင်း ပိုများပြီး နှလုံးဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်းကြောင့် ဆေးရုံတက်ကုသရခြင်းတို့ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသားတွေ နှလုံးသွေးကြော အဆီစုပြုံမှု ၂၈ ရာခိုင်နှုန်းရောက်ရင် နှလုံးအန္တရာယ် ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာတော့ ၂၀ ရာခိုင်နှုန်းနဲ့တင် စတင်အန္တရာယ်ဖြစ်စေနိုင်ပြီး အနည်ပမာဏများလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုမြင့်မားလာပါတယ်။


news-view-count-icon

10