ထိုင်းနိုင်ငံ အတွင်းရှိ လုပ်ငန်းခွင်များတွင် သေဆုံးခဲ့သော မြန်မာအလုပ်သမား နှစ်ဦး၏ လျော်ကြေးငွေအဖြစ် ဘတ်နှစ်သန်းကျော် ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAGအဖွဲ့မှ သိရသည်။လျော်ကြေးရရှိခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးသည် ၂၀၂၅ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်တွင် လယောင်မြို့ရှိစည်ပင်အမှိုက်သိမ်းလုပ်ငန်းခွင်၌သေဆုံးခဲ့သည့် ကိုမောင်မောင်နှင့် ချွန်ဘူလီမြို့ရှိ ဖော့စက်ရုံတွင် သေဆုံးခဲ့သည့် ကိုသက်ဇော်တို့ဖြစ်ကြောင်းသိရသည်။ကိုမောင်မောင်၏နစ်နာကြေးအားသူ၏ဇနီးဖြစ်သူနှင့်အတူ မတ် ၁၂ ရက်တွင် ကားထော် လော်ဘော် ဘတ် ၅၀၀၀၀၀ နှင့် ကားပကန်ဘတ် ၅၀၀,၀၀၀ ကိုရဲစခန်း၌ ထုတ်ယူနိုင်ခဲ့ပြီး ကိုသက်ဇော်၏ နစ်နာကြေးအဖြစ် စက်ရုံဘက်မှ စာနာထောက်ထားမှုထောက်ပံ့ကြေး ဘတ်၄၅၀၀၀၀ ကို ဇန်နဝါရီ ၉ ရက်တွင် ကျဟာငန်ရုံး၌ ပေးဆောင်ခဲ့ကြောင်း သိရသည်။၎င်းနောက် ကိုသက်ဇော်၏ မိခင်ရောက်ရှိချိန်တွင် ပကန်စန် ခွန်ရုံး၌ နစ်နာကြေး ဘတ် ၉၁၁,၄၀၀ နှင့် သင်္ဂြိုဟ်စရိတ်ဘတ် ၅၀,၀၀၀ အားချက်လက်မှတ်ဖြင့် မတ် ၁၆ ရက်တွင် ရရှိခဲ့ပြီး စုစုပေါင်း ဘတ် ၁,၄၁၁,၄၀၀ ကို ရရှိခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။



