back

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို ယာယီရပ်နားထားမည်

Mar 17 • 5:47 AM

breaking-news

Myanmar

Local

breaking-news
cover

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို ယာယီရပ်နားထားမည်

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို မတ်လ ၁၇ ရက် ယနေ့မှ စတင်ပြီး ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အ...

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို မတ်လ ၁၇ ရက် ယနေ့မှ စတင်ပြီး ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးချက်ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ယမာန်နေ့အထိ စားသုံးသူများထံသို့ စုစုပေါင်းဆန်အိတ် ၁,၁၆၁ အိတ်ကို ပေးပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဆိုထားသည်။

ယခုအခါ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများအရ Home Delivery ကို အချိန်နှင့်အညီ ပေးပို့ရန်အခက်အခဲရှိသောကြောင့်

ယခုလိုထုတ်ပြန်တာဖြစ်ပါတယ်။

news-view-count-icon

18