back

အာဖဂန်နစ္စတန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ မတ် ၂၆ ရက် မှာ ယှဉ်ပြိုင်ကစားသွားမည်

Mar 17 • 3:35 AM

breaking-news

Myanmar

Local

breaking-news
cover

အာဖဂန်နစ္စတန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ မတ် ၂၆ ရက် မှာ ယှဉ်ပြိုင်ကစားသွားမည်

အာဖဂန်နစ္စတန်ဘောလုံးအဖွဲ့ချုပ် (AFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲမတိုင်မီ ဘရာဇီးလ်နိုင်ငံသား နည်းပြ ဂျို့စ် အန်တိုနီယို နိုဂူရာ ကို နည်းပြသစ်...

အာဖဂန်နစ္စတန်ဘောလုံးအဖွဲ့ချုပ် (AFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲမတိုင်မီ ဘရာဇီးလ်နိုင်ငံသား နည်းပြ ဂျို့စ် အန်တိုနီယို နိုဂူရာ ကို နည်းပြသစ်အဖြစ် တစ်နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ပါတယ်။နိုဂူရာဟာ ယခင်က ဘရာဇီးလ်ကလပ်အသင်းများကို ကိုင်တွယ်ခဲ့သလို ၂၀၁၈-၂၀၁၉ ခုနှစ်တွေမှာ ပါကစ္စတန်လက်ရွေးစင်အသင်းနဲ့ ယူ-၂၃ အသင်းကိုလည်း တာဝန်ယူခဲ့ဖူးပါတယ် ။နိုဂူရာလက်ထက်မှာ အာဖဂန်နစ္စတန်အသင်းဟာ နိုင်ငံတကာပွဲ မကစားရသေးပေမယ့် မတ် ၇ ရက်မှစတင်ပြီး မြန်မာအသင်းနဲ့ပွဲအတွက် လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။၂၀၂၇ AFC Asian Cup ခြေစစ်ပွဲ (တတိယအဆင့်) အုပ်စုအဆင့်ပွဲအဖြစ် အာဖဂန်နစ္စတန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ မတ် ၂၆ ရက် မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။




news-view-count-icon

22