အစားအသောက် ထုတ်လုပ်ရေးကုမ္ပဏီတွေက ဆွဲဆောင်မှုရှိတဲ့ မုန့်မျိုးစုံ ထုတ်လုပ်လာကြရာမှာ ကြည့်လိုက်တာနဲ့ သွားရည်ယိုစရာဖြစ်လာပြီး အလွန်အကျွံ စားသုံးသည်အထိ ဖြစ်လာတယ်လို့ သုတေသီတွေ သတိပေးထားပါတယ်။ ကိုကာကိုလာ အရသာပါတဲ့ Oreo ၊ Oreo အရသာပါတဲ့ ကိုကာကိုလာ စသဖြင့် အမှတ်တံဆိပ်တွေက လူတွေဆန်းသစ်စားချင်လာအောင် လှုံ့ဆော်ပေးပါတယ်။
ဒီလိုမျိုး ခေတ်မီ အဆင့်ဆင့်ထုတ်လုပ်စားစရာ
(UPF)တွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ပိုမိုစားချင်လာအောင် စိတ်ဆန္ဒကိုလုယူနေပါတယ်။ UPF စားစရာတွေမှာ ဆား၊ သကြား၊ အဆီ၊ ကယ်လိုရီတို့ မြင့်မားပြီး အမျှင်ဓာတ်နဲ့ မရှိမဖြစ် အာဟာရဓာတ်တွေ နည်းပါးတာကြောင့် ခန္ဓာကိုယ်အတွက် ဆိုးရွားစေပါတယ်။



