အီရန်ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်အီရန်နိုင်ငံ တီဟီရန်မြို့၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိပ်အတောက်ရှိသည့် အနက်ရောင်မိုးများ ရွာသွန်းခဲ့ရကြောင်း မတ် ၁၅ ရက် သတင်းများတွင်ရေးသားတင်ပြထားသည််။အဆိပ်အတောက်ရှိ အနက်ရောင်မိုးများရွာသွန်းမှုကြောင့် တီဟီရန်မြို့သူ၊ မြို့သားများမှာ မျက်လုံးပူစပ်မှု၊ အသက်ရှူရခက်ခဲမှုစသည့် ပြဿနာများခံစားနေရကြောင်း သိရ သည်။အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ရေနံလုပ်ငန်း အခြေခံအဆောက် အအုံ များကို တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ထွက်လာသော အဆိပ်အတောက်ရှိ မီးခိုး တိမ်တိုက်များ လေထုလွှာအတွင်း ရောက်ရှိသွားပြီး အနက်ရောင် မိုးရွာသွန်းမှုပုံစံအဖြစ် ကမ္ဘာပေါ်သို့ ပြန်လည်ရွာချခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတကာကျန်းမာရေးတာဝန်ရှိသူများက ပြောကြား သည်။လေကြောင်းတိုက်ခိုက်မှုများမှ ပေါ်ထွက်လာသည့် ကျပ်ခိုးမှုန်များနှင့်ဓာတုပစ္စည်းများ ရေနှင့်ပေါင်းစပ်မိချိန်တွင် အနက်ရောင်မိုးများအဖြစ် ပြန်လည်ရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။ရေနံလုပ်ငန်းအခြေခံ အဆောက်အအုံများ တိုက်ခိုက်ခံရချိန်တွင်ပေါ်ထွက်လာတတ်သော ကျပ်ခိုးအမှုန်ငယ်များမှာ လူ့ဆံခြည်မျှင် တစ်မျှင်၏ အရွယ်အစားထက် အဆ ၄၀ ပိုသေး ငယ်ပြီး အဆုတ်နှင့်သွေးလည်ပတ်မှုစနစ်အတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသည်။ယင်းကဲ့သို့ အထက်ပါရုပ်မှုန်များ အဆုတ်နှင့်သွေးလည်ပတ်မှုစနစ် အတွင်းရောက်ရှိသွား ချိန်တွင် အသက်ရှူလမ်းကြောင်းပြဿနာများနှင့် နှလုံးကျန်းမာရေးပြဿနာများ ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။အီရန်နိုင်ငံ၌ ရွာသွန်းခဲ့သော အဆိပ်အတောက်ရှိ အနက်ရောင်မိုးများထဲတွင် အက်စစ်ဓာတ် ပါဝင်မှု လွန်စွာမြင့်မားသည်ဖြစ်ရာ အီရန် နိုင်ငံသားများအနေဖြင့် မိမိတို့နေအိမ် များထဲတွင် သာနေထိုင်၍ မျက်နှာဖုံးစည်းများ ဝတ်ဆင်ထားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထားသည်။



