back

စစ်ကိုင်း၊ကချင်၊ချင်း မိုးသက်လေပြင်းတိုက်နိုင်ကာရှမ်းပြည်မိုးရွာနိုင်

Mar 17 • 3:12 AM

breaking-news

Myanmar

Local

breaking-news
cover

စစ်ကိုင်း၊ကချင်၊ချင်း မိုးသက်လေပြင်းတိုက်နိုင်ကာရှမ်းပြည်မိုးရွာနိုင်

အခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်း၊ကချင်၊ချင်းတို့မှာ မိုးသက်လေပြင်းတိုက်နိုင်ပြီး ရှမ်းပြည်နယ်မှာတော့ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစ...

အခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်း၊ကချင်၊ချင်းတို့မှာ မိုးသက်လေပြင်းတိုက်နိုင်ပြီး ရှမ်းပြည်နယ်မှာတော့ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။


news-view-count-icon

17