ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့နေသည့် ပဲကြီးက ယခုရက်သ တ္တပတ်တွင် ပြည်ပဈေးမြင့်တက်ပြီး ပြည်တွင်းဈေးက ကျဆင်းနေသည်။
ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးက တစ်တန် ဒေါ်လာ ၃၅ ဒေါ်လာ ဈေးမြင့်တက်သွားသည်။ ပဲကြီး FOB ဈေး တစ်တန် ဒေါ်လာ ၁,၁၇၅/၁,၁၈၅ မှ ၁,၂၀၅/၁,၂၁၅ သို့ ဈေးပြောင်းသွားသည်။ပဲကြီးပြည်တွင်းဈေးက ရန်ကုန်ဈေးကွက်တွင် အတက်အကျ အပြောင်းအလဲများ ရှိနေပြီး မန္တလေးဈေးကွက်တွင် ဈေးဆက်တိုက် ကျဆင်းနေသည်။ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်တွင်းဈေးက ပဲကြီး (ကုန်း) 2026 တစ်ပိဿာ ကျပ် ၆,၇၈၀/၆,၉၆၀ မှ ၇,၈၂၅/၈,၀၀၀ သို့ ဈေးမြင့်တက်ပြီးနောက် ၇,၄၇၅/ ၇,၆၅၅ သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာ ကျပ် ၇,၅၂၀/၇,၇ရ၀ မှ ၈,၃၁၅/ ၈,၄၁၀ သို့ ဈေးမြင့်တက်ပြီးနောက် ၇,၉၆၀/၈,၃၂၀ သို့ ဈေးပြောင်းသွားသည်။မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအားလုံးနီးပါး ဈေးပြန်ကျသည်။ ပဲကြီးအသစ်များ ဈေးကွက်ဝင်လာသဖြင့် ပဲကြီးတစ်တန်လျှင် ကျပ် ၃၀၀,၀၀၀ ကျော် ဈေးကျဆင်းသွားသည်။



