back

မြန်မာပြည်တွင်း၌ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာနိုင်

Mar 17 • 3:05 AM

breaking-news

Myanmar

Local

cover

မြန်မာပြည်တွင်း၌ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာနိုင်

မြန်မာပြည်တွင်း၌ အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်လို့  ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင...

မြန်မာပြည်တွင်း၌ အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်လို့  ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ ခွင့်ပြုပေးထားတဲ့ လိုင်စင်လက်ကျန်တွေ အမြန်တင်သွင်းကြဖို့ လိုတယ်လို့ စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။ ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင် အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/ မရှိ၊ သွင်းအားစုတွေ သိုလှောင်ဈေးကစားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ဖို့လည်း ဦးလှမိုးက ပြောပါတယ်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂,၀၀၀ တင်သွင်းဖို့ လျာထားပြီး ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ မြေဩဇာတန်ချိန် ၁ဒသမ ၆၈ သန်း နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၆၇၆ တန် တင်သွင်းဖို့ ကုမ္ပဏီတွေကို သွင်းကုန်လိုင်စင် ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။ မတ်လအတွက် ရည်ညွှန်းဈေးက ယူရီးယားတအိတ်ကို ကျပ် ၉၄,၀၀၀ ကျပ်၊ ကွန်ပေါင်းမြေဩဇာ တအိတ်ကို ကျပ် ၁၁၅,၀၀၀ နှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့ ရည်ညွှန်းဈေးထက် ကျပ် ၂၀,၀၀၀ ကနေ၊ ၄၀,၀၀၀ လောက် ပိုများပါတယ်။

news-view-count-icon

19