back

ချင်းအမျိုးသမီးငယ်တဦး မလေးရှားမှာ မိမိကိုယ်ကိုအဆုံးစီရင်

Mar 17 • 1:37 AM

breaking-news

Myanmar

Chin

cover

ချင်းအမျိုးသမီးငယ်တဦး မလေးရှားမှာ မိမိကိုယ်ကိုအဆုံးစီရင်

မလေးရှားနိုင်ငံရောက် ချင်းလူငယ်အမျိုးသမီးတဦး ယမန်နေ့မှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ် လို့ မလေးရှားရောက် သတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။ယခုလို အဆုံးစီရင်သူဟာ ...

မလေးရှားနိုင်ငံရောက် ချင်းလူငယ်အမျိုးသမီးတဦး ယမန်နေ့မှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ် လို့ မလေးရှားရောက် သတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။ယခုလို အဆုံးစီရင်သူဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေရမ်ဒေသ၊ အိုင်ဘူရ်ကျေးရွာ ဒေသခံ မိုင်ဒေါခ့်ခွန်းတီာလ် ( Mai Dawt Khun Tial ) အသက် ၁၈ နှစ်ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါအမျိုးသမီးငယ်ဟာ မလေးရှား ၊ Pudu မှာနေထိုင်သူဖြစ်ပြီး လက်ရှိမလေးရှားအခြေအနေ၊ အလုပ်အခြေအနေ နဲ့ မိသားစုအခြေအနေများကြောင့် စိတ်ဖိစီးမှုအလွန်များပြီး အခုလိုအဆုံးစီရင်သွားတာဖြစ်နိုင် တယ်လို့ သတင်းအရင်းအမြစ်က သုံးသပ်ပြောကြားထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရောက်လူငယ်တဦးက “ သူက Pudu မှာနေထိုင်သူပါ။ အခုတလောသူ စိတ်ဖိစီးမှုအရမ်းများတယ်ပြောကြတယ်။ ဒါကြောင့် ကြိုဆွဲချအဆုံးစီရင်သွားတာပါ။ လူငယ်လေးတဦးအခုလို ဖြစ်သွားတဲ့အပေါ်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။” လို့ ပြောပါတယ်။

news-view-count-icon

10