ရခိုင်ပြည်နယ်အတွင်း နယ်မြေ ပဋိပက္ခနဲ့ တိုက်ပွဲအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားတွေ စိုးရိမ်မှုတွေနဲ့ ဖြေဆိုနေရတယ်လို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၁,၆၉၂ ယောက် ရှိတယ်လို့ မတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မြို့နယ် ၃ ခုမှာ စာစစ်ဌာန ၁၀ ခုနဲ့ ကျင်းပနေတာဖြစ်ပြီး စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသား ကျောင်းသူ ၁,၇၉၉ ယောက် စာရင်းပေးထားပေမဲ့လည်း စာမေးပွဲဖြေဆိုမဲ့ ပထမရက်မှာတော့ ကျောင်းသား ၇၉၁ ယောက်နဲ့ ကျောင်းသူ ၉၀၁ ယောက် ဖြေဆိုခဲ့ပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ ၁၀၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
Mar 17 • 1:38 AM
Myanmar
Rakhine
Share
| 11 | 0 | 0 | 0 |


