ထိုင်းနိုင်ငံရှိ ဆီဆိုင်အများစုတွင် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ မတ်လ ၁၆ ရက် နံနက်ပိုင်းမှစ၍ အယုဒ္ဓယ၊ မဲဆောက်၊ ချင်းမိုင်၊ စရာဘူရီမြို့နှင့် အခြားမြို့များရှိ PTT၊ Bang Chak ဆီဆိုင်များတွင် လေးဘီးတပ် ကိုယ်ပိုင်ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း သိရသည်။မဲဆောက်မြို့တွင် ကားများ ဆီဝယ်ယူရန် နံနက် ၄ နာရီကတည်းက ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေကြပြီး အချို့ကားများသည် ညနေကတည်းက တန်းစီနေကြကြောင်း သိရသည်။နံနက်ပိုင်းတွင် ဆီတန်းစီဝယ်ယူသော ကားတန်းသည် ဆီဆိုင်မှ ၃ ကီလိုမီတာ အရှည်အထိ ရှိနေကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။ဆီဆိုင်အများစုတွင် ကိုယ်ပိုင်အိမ်စီးကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုး၊ ခြောက်ဘီးတပ် ပို့ဆောင်ရေးယာဉ်အသေးအတွက် ဘတ် ၁,၀၀၀ ဖိုးနှင့် ကုန်တင်ယာဉ်အကြီးအတွက် ဘတ် ၂,၀၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေဟုဆိုသည်။
Mar 17 • 1:36 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


