back

စစ်ကိုင်းငလျင်ကြောင့် ပြိုကျခဲ့သည့် ဗလီများနေရာ၌ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရ

Mar 17 • 1:35 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းငလျင်ကြောင့် ပြိုကျခဲ့သည့် ဗလီများနေရာ၌ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရ

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့် မရသေးတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျသွားတဲ့ ဗလီတွေနေရာမှာ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရတယ...

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့် မရသေးတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျသွားတဲ့ ဗလီတွေနေရာမှာ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ တနှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေကတော့ ပြန်လည်ဆောက်လုပ်ခွင့် မရသေးဘူး။ဒါကြောင့် အစ္စလာမ်ဘာသာဝင်တွေကတော့ ပျက်စီးသွားတဲ့ ဗလီတွေနေရာမှာ ယာယီဝတ်ပြုဆောင် အသေးတွေဆောက်ပြီး ဝတ်ပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။မန္တလေးမြို့မှာတော့ သောကြာနေ့ ဝတ်ပြုချိန်တွေမှာ လူများတဲ့အတွက် ယာယီဝတ်ပြုဆောင်တွေမှာ လူမဆန့်လို့ ပျက်စီးသွားတဲ့ ဗလီဘေးမှာ ရှင်းလင်းရေးလုပ်ပြီး ကွင်းပြင်ကျယ်တွေမှာ အခင်းခင်းကာ ဝတ်ပြုကြရတယ်လို့ သိရပါတယ်။

news-view-count-icon

17