တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပိတ်မိနေသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲတပ်စခန်းတစ်ဝိုက် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် တစ်လကျော်ကြာသည်အထိ ထွက်မရသေးဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။“ပလောက်ဘက်က ဆင်ထိုးမှာတော့ ကားတွေ တန်းစီနေကြဆဲပါ။ သရက်ချောင်းဘက်က ကျွဲဇပ်မှာလည်း ကုန်တင်ကားတွေ တန်းစီနေကြဆဲ။ သွားလို့မရသေးဘူး။ ဖေဖော်ဝါရီလ ၈ ရက်နေ့က စပိတ်တာဆိုတော့ ဒီနေ့ဆိုရင် ရက်ပေါင်း ၃၀ ကျော်နေပြီ။ လမ်းကတော့ ဘယ်သူမှပိတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကားလမ်းတွေမှာ မိုင်းတွေ ထောင်ထားလို့ သွားမရကြတာ” ဟု သရက်ချောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
Mar 17 • 1:34 AM
Myanmar
Tanintharyi
Share
| 13 | 0 | 0 | 0 |


