back

ရန်ကင်းမြို့နှင့် အခြားမြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်နေ

Mar 16 • 4:07 PM

breaking-news

Myanmar

Yangon

cover

ရန်ကင်းမြို့နှင့် အခြားမြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်နေ

 ယနေ့ (၁၆.၃.၂၀၂၆) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်ခန့်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ကုက္ကိုင်းဓာတ်အားခွဲရုံ၏ 66...

 ယနေ့ (၁၆.၃.၂၀၂၆) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်ခန့်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ကုက္ကိုင်းဓာတ်အားခွဲရုံ၏ 66/11-6.6kV , (30)MVA ထရန်စဖော်မာ နှင့် 33/11-6.6kV , (20)MVA ထရန်စဖော်မာ တို့၏ Cable မှ အသံမြည်ပြီး အပြစ်ဖြစ် သွားပါသဖြင့် ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

၎င်း Cable အပြစ်ကြောင့် ရန်ကင်းမြို့နယ်၏ (၅၊၆၊၇၊၈၊၉၊၁၁၊၁၂) ရပ်ကွက်တစ်ခြမ်းနှင့် ဗဟန်း မြို့နယ်အတွင်းရှိ ပြည်ထဲရေးရုံး၊ ဆရာစံရပ်ကွက်၊ ဆရာစံမြောက်၊ အနောက်ရပ်ကွက်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်မွန်ကွန်ဒို၊ စက်မှုဝန်ထမ်းအိမ်ရာများ ယာယီဓာတ်အား ပြတ်တောက်နေပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိ ပါကြောင်း သိရပါသည်။



news-view-count-icon

9